နှင်းဆီအဖွဲ့သားများ ပါဝင်ကပြမည့် သရဲလေးကောင် New Version ပြဇာတ်ကို ပြည်တွင်းပြည်ပ ဖျော်ဖြေပွဲများတွင် ကပြသွားမည်

နှင်းဆီအဖွဲ့သားများ ပါဝင် ကပြမည့် သရဲလေးကောင် New Version ပြဇာတ်ကို ပြည်တွင်းပြည်ပ ဖျော်ဖြေပွဲများတွင် တင်ဆက်ကပြသွားရန် စီစဉ်ထားသည်ဟု သတင်း ရရှိသည်။ အဆိုပါပြဇာတ်ကပြမှုကို ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) က စီစဉ်တင်ဆက်ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွင်းကပြရန် ဖိတ်ကြားခံထားရသည့် ပြည်ပဖျော်ဖြေပွဲများနှင့်ပြည်ပ ဖျော်ဖြေပွဲများတွင် တင်ဆက်သွားမည်ဟု သိရသည်။ “နှင်းဆီအဖွဲ့သားတွေရဲ့ အငြိမ့် တင်ဆက်မှုကိုပုံစံတစ်မျိုး ပြောင်းလဲဖို့ စဉ်းစားနေတာတော့ကြာပါပြီ။ ဒီ နှစ်မှာတော့ထူးခြားတဲ့ တင်ဆက်မှု အဖြစ် သရဲလေးကောင်ပြဇာတ်ကို နှင်းဆီအဖွဲ့သားတွေနဲ့ ပြန်လည် အသက်သွင်းဖို့ စီစဉ်ဖြစ်ပါတယ်။ သရဲလေးကောင်ဆိုတာ တစ်ခေတ် တစ်ခါက ပြဇာတ်တစ်ခေတ်ကိုပုံစံ ပြောင်းစေခဲ့တာပါ။ ဒါကြောင့် New Version အနေနဲ့ပြန်လည် အသက်သွင်းရာမှာလည်း ထူးခြားတဲ့ တင်ဆက်မှုဖြစ်အောင် ကြိုးစားထားပါတယ်။ သရဲလေးကောင်ရဲ့ အရင် စံချိန်ကိုပြန်ချိုးနိုင်အောင် ကြိုးစားမှာ ဖြစ်သလို နှင်းဆီအဖွဲ့သားတွေရဲ့ နောက်ထပ် အနုပညာဖန်တီးမှုအသစ် တစ်ခုလို့လည်း ပြောနိုင်ပါတယ်” ဟု ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) က ရှင်းပြခဲ့သည်။
သရဲလေးကောင် New Version ပြဇာတ်တွင် နှင်းဆီအဖွဲ့သားများ ဖြစ်သည့် ကျော်ကျော်ဗို၊ ထွန်းထွန်း၊ မိုးမိုး၊ ရဲလေးတို့က သရဲလေးကောင် အဖြစ် ပါဝင်မည်ဖြစ်ပြီး နေတိုး၊ မိုးယုစံ၊မေကဗျာ၊ ဖူးစုံတို့က အခြားသော ဇာတ်ရုပ်များအဖြစ် ပါဝင်ကပြသွားမည်ဟု သိရသည်။ အဆိုပါ သရဲလေးကောင် New Version ၏ ပထမဆုံးအကြိမ် ကပြမှုအဖြစ် မြန်မာ့သြဘာ ကုမ္ပဏီမှ ပြုလုပ်သည့်ပွဲတွင် ကပြခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
နှင်းဆီအဖွဲ့သားများသည် ပြည်ပဖျော်ဖြေရေး ခရီးစဉ်အဖြစ် ဇူလိုင်လတွင် ဥရောပငါးနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး စက်တင်ဘာလတွင် ကိုရီးယားနိုင်ငံသို့ သွားရောက် ဖျော်ဖြေရန် စီစဉ်ထားသည်ဟု သိရသည်။

Eleven Media


1 comment:

  1. Some really interesting points you have written. Aided me a lot, just what I was looking for : D.
    HTTP://www.KneeNeckBackPain.com/

    ReplyDelete