gmail အကောင့်ဟောင်းထဲက သူငယ်ချင်းတွေ အကုန်လုံး Gmail အကောင့်သစ်ကို ပြန်ပေါင်းဖို


အခု ပြောမှာက mail အကောင့် အဟောင်းထဲက လူတွေ အကုန်လုံးကို အကောင့်အသစ်ထဲကို အကုန်လုံး ပေါင်းထည့်ချင်တယ်ဆိုရင်တော့ တစ်ယောက်ချင်းစီ ပြန်ပြီး လိုက်အပ်နေစရာ မလိုပါဘူး ။ အကောင့်တစ်ခုက သူငယ်ချင်း အကုန်လုံးကို နောက်အကောင့် တစ်ခုကို ပြောင်းထည့်တာပေါ့ ။

အရင်ဆုံး gmail ထဲကိုဝင် ။(အကောင့်အဟောင်းနော်) ။  အခု နောက်ပိုင်း mail က style တစ်မျိုး ပြောင်းသွားတော့ mail ရဲ့ ဘယ်ဘက် အပေါ်ထောင့် composemail , inbox တို့ အပေါ်မှာ Contact ဆိုပြီး ရှိပါတယ် ။ အဲ့ထဲကို ၀င် .. ။


အဲ့ဒါဆိုရင် အဲ့မှာ ကိုယ့်သူငယ်ချင်းတွေ အားလုံး ပေါ်လာပါလိမ့်မယ် ။အဲ့နေရာမှာ More Action ဆိုတဲ့ နေရာလေးကို နှိပ် ပြီးရင် export ... ။အဲ့လို export လုပ်လိုက်ရင်တော့ google က ဒေါင်းလုပ်ဖိုင်လေးတစ်ခု ပေးပါလိမ့်မယ် ။ သူ့အလိုလို .csv file ကို ရွေးပြီးသားမို့ ဒေါင်းလုပ်လုပ်လိုက်ပါ  ။ တစ်နေရာရာမှာ save လိုက်ပေါ့ ။


ပြီးရင် ပြောင်းထည့်ချင်တဲ့ အကောင့် အသစ်ထဲကိုဝင်။ ခုနက အဆင့်တွေအတိုင်း ပြန်သွား ။ ပြီးရင် More Action ထဲမှာ Import ကိုနှိပ်။ ပြီးရင်ခုနက ဒေါင်းလုပ် လုပ်ထားတဲ့ google.csv file ကို ရွေးပေးလိုက်ရင်
မိမိရဲ့ အကောင့်အဟောင်းထဲက သူငယ်ချင်းတွေ အားလုံး အကောင့်အသစ်ထဲကိုတစ်ဦးချင်းစီ လိုက်အပ်နေစရာ မလိုတော့ပဲ ရောက်ရှိသွားပါလိမ့်မယ် ။

0 comments: