Computer ကို Viber ထည့်ပြီး Viber ရှိသောဖုန်းတွေနဲ့ ပြောချင်ရင်

Computer ကို Viber ထည့်ပြီး Viber ရှိသောဖုန်းတွေနဲ့ ပြောချင်ရင် Viber ဆော့ဝဲကို Computer မှာထည့်ပြီး ဖုန်းတွေနဲ့ စကားပြောချင်သောသူတွေ စမ်းသုံးချင်သောသူတွေ အဆင်ပြေစွာသုံးနိုင်ဖို့  နည်းလမ်းတွေကို ရေးပြပါ့မယ် Viber ထည့်ထားသော ကွန်ပျုတာကနေ မြန်မာပြည်က ဖုန်းတွေနဲ့ ပြောချင်ရင် အဆင်ပြေပါတယ် အကယ်၍ ကိုယ်ဝယ်ထားတဲ့ဖုန်းက Viber မရဘူးဆိုရင်တောင် ကိုယ့်ကွန်ပျုတာမှာ ထည့်ထားရင် ပြောရတာ အဆင်ပြေမှာပါ ။ မြန်မာပြည်ကလူ တွေအနေနဲ့  Viber ကနေ လှမ်းခေါ်ဖို့ အဆင်ပြေပါတယ် ။ ပုံမှန် ဖုန်းအထွက်က ခေါ်မယ်ဆိုရင် ပိုက်ဆံတွေ အများကြီးကုန်ကျပါမယ်။ Viber ထည့်ထားလိုက်ရင် ပြည်ပက ကိုယ့်ချစ်သူခင်သူ သူငယ်ချင်းတွေနဲ့  ဖလမ်းဖလမ်း ပြောလို့ ရပါပြီ Viber ထည့်ထားတဲ့ ဖုန်းကနေ ကွန်ပျုတာကို ခေါ်ချင်တာပဲဖြစ်ဖြစ် Computer Viber ကနေ ဖုန်းကိုခေါ်တာပဲဖြစ်ဖြစ် အဆင်ပြေမှာပါ ...............................။ ပထမအဆင့်ဒီဆော့ဝဲကို Download ယူပါ -- Bluestacks Download         http://bluestacks.com အင်စတောလုပ်ပြီးရင် Serch box ကနေ Viber for Android ကိုရိုက်ပြီး Install လုပ်ပါ Desktop ပေါ်မှာ App ဆိုတဲ့ဖိုင်လေး ရောက်နေပါလိမ့်မယ် အထဲမှာ Viber ရှိနေပါပြီ

1 comment: